Sunday, April 13, 2014

ပါဏာတိပါတသိက္ခာပုဒ်အကြောင်း

            
               ပါဏ= အသက်ကို၊ အတိပါတ=လျှင်မြန်စွာချခြင်းဟု ပုဒ်ခွဲရသည်။ ရှင်းအောင်ပြန်သော အခါ သူ့အသက်ကိုသတ်ခြင်းဟုပင်ဖြစ်သွားသည်။ အကြောင်း တစ်ခုခုကြောင့်သတ္တဝါ တစ်ကောင်ကောင် သေသွားသောအခါ ပါဏာတိပါတကံထိုက်၊ မထိုက်ဆုံးဖြတ်နိုင်ရန်အင်္ဂါ (၅)ချက်ရှိသည်။ယင်းတို့ မှာ-
-         သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်း
-       သတ္တဝါဟူသော အမှတ်သညာရှိခြင်း
-       သေစေလိုသော စိတ်စေတနာရှိခြင်း
-       သေဖို့ရန် ကိုယ်၊နူတ်တစ်ခုခုဖြင့်လုံ့လပြုခြင်း
-       သေသွားခြင် (ခုဒ္ဒက။ ဌ။၂၂)
တို့ဖြစ်ပေသည်။

ပါဏာတိပါတ၏ ဆိုးကျိုးများ
ပါဏာတိပါတ်၊ သူ့သက်သတ်က
ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း၊ လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ်၊ အသတ်ခံရာ
အနာများလျက်၊ ချွေရံပျက်၍
အသက်တိုလျ၊ ပြစ်များစွသည်၊
ရှောင်ကအပြန် အကျိုးတည်း။

မှတ်ချက်။     ။မေတ္တာရှင်((ရွှေပြည်သာ)ဆရာတော်၏ သီလအစွမ်းအံ့မခန်းမှ ကောက်နူတ်ဖော်ပြသည်။

No comments:

Post a Comment