Thursday, April 17, 2014

နောက်ဆုံးရ စက်ရပ်သတင်း



နှလုံးသား အငတ်ဘေးဆိုင်ရာ မေတ္တာသံအမတ်ကြီး ပြန်ပေးဆွဲခံရ

            ဘယ်သူဘယ်ဝါဟု မသိရသော အသည်းကွဲဝေဒနာရှင်များက နှလုံးသားနိုင်ငံဆိုင်ရာ မေတ္တာသံအမတ်ကြီးကို  မြို့တော် အသည်နှလုံးတွင် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ပြန်ပေးဆွဲသွားခဲ့ကြောင်း နှလုံးသားပြင်ပရေးရာ ဝန်ကြီးဋ္ဌါနမှ လိုက်ပြောဆိုခွင့်ရှိသူ တစ်ဦးက BI Group Media သို့ တိတ်တဆိတ်ဆက်သွယ်ပြီး တိုးတိုးလေး ပြောသွားသည်။

            မျက်နှာဖုံးစွပ်ထားသော အသည်းကွဲဝေဒနာရှင်များသည် နံပါတ်ပြားမပါသော မြှားနတ်မောင် (၂)ကောင်ကို စီးနင်းလာကာ နှလုံးသားနိုင်ငံဆိုင်ရာ မေတ္တာသံအမတ်ကြီး မစ္စအကြင်နာ နှင့် ၄င်း၏ ယင်ကောင်မောင်းဖြစ်သူ မစ္စတာ ဖလန်းဖလန်း တို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ အသည်းကွဲသမားများသည် သံအမတ်၏ယင်မောင်းကို ချစ်မျက်စောင်းများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သံအမတ်ကြီးကို လက်ပြေးဆွဲသွားခဲ့ကြောင်း လိုက်ပြောဆိုခွင့်ရှိသူ မစ္စတာ အာချောင်က ပြောကြားသည်။

ထပ်မံ ပြောကြား

            သံအမတ်၏ ယင်မောင်းမှာ အဆိုပါတိုက်ခိုက်မှုကြောင့် အလွန်ပြင်းထန်သော အသည်းကွဲမျက်စောင်း နှစ်ချက် ထိမှန်ကာ အသည်းနှလုံးမြို့တော်ရှိ နှလုံးလှဆေးရုံကြီးတွင် အချစ်ရေစင်များ ပက်ဖျန်းခံယူလျက်ရှိကြောင်း လိုက်ပြောဆို ခွင့်ရှိသူက ထပ်မံ တော်ကီပွားလိုက်ပြန်ပါတယ်။

            အဆိုပါ လက်ဆွဲပြေးမှုနှင့် ပတ်သက်၍ ဘယ်သူဘယ်ဝါ လက်ချက်ဖြစ်သည်ကို ယခုချိန်ထိ မစုံစမ်းရသေး ပါကြောင်း သိရှိရပါသည်။

            နှလုံးသားရေးရာနိုင်ငံတွင် ခေါင်းဆောင်ဟောင်း သစ္စာကြီးသူအစိုးရ ပြိုကျခဲ့ပြီးချိန်ကတည်းက လက်ဆွဲပြေးမှု များ၊ မေတ္တာအလစ်သုတ်မှုများ၊ ချစ်ဓားပြနှိုက်မှုများ၊ နှလုံးသားကုန်ကူးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ကြားဖြတ် ဆင်းကောက်တင်မြှောက်လိုက်သည့် မြှားနတ်မယ်အစိုးရသည် နိုင်ငံတစ်ဝန်းလုံးအပေါ် ထိရောက်သော အောင်သွယ်မှု များကို ယခုထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး မေတ္တာအငတ်ဘေး ဆိုက်ရောက်လျက် ရှိပြီး လူပျိုသိုး၊အပျိုသိုးကြီးများအဖြစ် ကျန်ရစ်လျက် ရှိနေသေးကြောင်း သတင်းတွင် ဖော်ပြသည်။

No comments:

Post a Comment