ကာမေသု= ကာမဂုဏ်တရားတို့၌၊
မိစ္ဆာစာရ=မှားယွင်းစွာကျင့်ခြင်းဟု အနက်ထွက်သည်။ မြန်မာမှုပြုလိုက်သောအခါ
သူတပါးသား၊မယားကို ပြစ်မှားလွန်ကျူးခြင်းဟု ဖြစ်သွားသည်။မသွားလာ မကျူးလွန်ထိုက်သောမိန်းမ
နှစ်ဆယ်ရှိသည်။
မကျူးလွန်ရသောမိန်းမနှစ်ဆယ်
၁။
မိခင်အုပ်ထိန်းသောမိန်းမ
၂။
ဖခင်အုပ်ထိန်းသောမိန်းမ
၃။
မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ
၎။
မောင်ကြီး မောင်ငယ် အုပ်ထိန်းသောမိန်းမ
၅။
အစ်မ ညီမ အုပ်ထိန်းသောမိန်းမ
၆။
ဆွေမျိုးသားချင်း အုပ်ထိန်းသောမိန်းမ
၇။
အမျိုးအနွယ် အုပ်ထိန်းသောမိန်းမ
၈။
တရားကျင့်ဖော် အုပ်ထိန်းသောမိန်းမ
ဤ(၈)ယောက်သောမိန်းမတို့ကား အပျိုများသာဖြစ်သည်။သူတို့ကာမကို
ပိုင်ဆိုင်သူမရှိ၊ စောင့်ရှောက်သောသူသာရှိ၏။ ထို့ကြောင့် ယောက်ျားတစ်ပါးတို့နှင့် ကျူးလွန်ပျော်ပါးလျှင်
ထိုမျိုးသမီးရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရမဖြစ်။ ကျူးလွန်သော ယောက်ျားမှာသာ ကာမေသုမိစ္ဆာစာရဖြစ်သည်။
၉။ ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်းခံရသောမိန်းမ
၁၀။ ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု
မင်းမိန့်ထုတ်ထားသောမိန်းမ
၁၁။ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသောမိန်းမ(ယောက်ျားတစ်ယောက်က
တစ်ပတ်ဖြစ်စေ၊ တစ်လဖြစ်စေ ငွေပေး၌ ပျော်ပါးနေသော ပြည့်တန်ဆာမကိုဆိုလိုသည်။ထိုရက်၊ထိုလအတွင်း
ပျော်ပါးလျှင် နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရဖြစ်သည်။)
၁၂။ အလိုတူ၍ ပေါင်းသင်းနေသောမိန်းမ
၁၃။ ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသောမိန်းမ
၁၄။ အဝတ်တန်ဆာပေး၍ ပေါင်းသင်းနေသောမိန်းမ
၁၅။ လူကြီးစုံရာနှင့် လက်ထပ်၍ ပေါင်းသင်းနေသောမိန်းမ
၁၆။ ထင်းခွေ၊ ရေခပ်လုပ်ကိုင်နေသောမိန်းမအား
ထိုအလုပ်ကိုမလုပ်စေဘဲ ပေါင်းသင်းနေသောမိန်းမ
၁၇။ မယားပြုထားသောမိန်းမ
၁၈။ မယားပြုထားသောအလုပ်သမ
၁၉။ မယားအဖြစ် ပေါင်းသင်းနေသောသုံ့ပန်းမိန်းမ
၂၀။ ခေတ္တငှားရမ်း ပေါင်းသင်းနေသောမိန်းမ
ယင်းမိန်းမ(၁၂)ယောက်တို့သည် ကာမပိုင်ယောက်ျားများရှိကြသောကြောင့်
ယောက်ျားတစ်ပါးနှင့်ပျော်ပါးလျှင် နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရဖြစ်သည်။
ထိုကာမေသုမိစ္ဆာစာရကံထိုက်ရန် အင်္ဂါလေးချက်ရှိသည်။ယင်းတို့ကား-
- - မသွားလာအပ်သော
မိန်းမနှစ်ဆယ်ဖြစ်ခြင်း
- - ထိုမိန်းမ၌
မှီဝဲလိုသောစိတ်ရှိခြင်း
- - လုံ့လပြုခြင်း
- - သာယာခြင်း
တို့ဖြစ်ပေသည်။
ကာမေသုမိစ္ဆာစာရကံ
ကျူးလွန်လျှင် ခံစားရမည့်ဆိုးကျိုးများ
မိစ္ဆာစာရ ကျူးလွန်ကလည်း
မုန်းကြသူများ၊ ရန်သူပွား၍
ရှားပါးလဘ်တိတ်၊ ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊
မျက်နှာမလှ၊ အရှက်ရလျက်၊
လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊
ရှောင်ကာအပြန် အကျိုးတည်း။
No comments:
Post a Comment