အဒိန္န၊ မပေးသောဥစ္စာကို။ အာဒါန၊ ယူခြင်း။ အပြည့်အစုံမြန်မာပြန်သော် ပိုင်ရှင်သည် ကိုယ်နူတ်နှစ်ပါး
တစ်ပါးပါးဖြင့် မပေးသော ဥစ္စာကို ယူခြင်းဟု ဖြစ်သည်။အိမ်ရှင်များ အိပ်မောကျနေချိန်တက်ခိုးမှ
ခိုခြင်းမြောက်သည်မဟုတ်။
အဒိန္နဒါနကံမြောက်မည့်အင်္ဂါ
ခိုးမှုတည်းဟူသော အဒိန္နဒါနကံမြောက်၊မမြောက်
အင်္ဂါငါးချက်ဖြင့်စီစစ်ရမည်။ယင်းတို့ကား-
- - သူတစ်ပါးဥစ္စာဖြစ်ခြင်း
- - သူတစ်ပါးဥစ္စာဟုသိခြင်း
- - ခိုးယူလိုသောစိတ်ရှိခြင်း
- - ခိုးယူမှုဖြစ်သော
ကိုယ်မှု၊ နှုတ်မှု၊ လုံ့လတစ်ခုခုကိုပြုခြင်း
- - ခိုးယူမှုအောင်မြင်ခြင်း
(((( ခုဒ္ဒက၊ အဌသာလီနိ၊ ဌ၊ ၁၄၁)
တို့ဖြစ်သည်။
အဒိန္နဒါနကံကျူးလွန်သူများခံစားရမည့်ဆိုးကျိုးများ
အဒိန္နဒါ၊ ခိုးမိပါမူ၊
ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ၊ ဘောဂပျက်စီး၊
ရေမီးသူခိုး၊ မွေခံဆိုးနှင့်
မင်ဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊
ပျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊
ရှောင်ခါအပြန်အကျိုးတည်း။
ခိုးခြင်းမျိုးစုံ
အဖုံဖုံ
အရာရှိမှန်သမျှ
လက်ဆောင်ဖြစ်စေ၊ ငွေဖြစ်စေ၊ တစ်မျိုးမျိုးပေးမှ လက်မှတ်ထိုးပေးခြင်းသည်လည်း ခိုးခြင်းဖြစ်သည်။
ဆေးရုံဝန်ထမ်းများသည် လူနာများထံမှ မသမာမာသောနည်းလမ်းဖြင့် ရယူသော ငွေကြေး၊ ပစ္စည်းမှန်သမျှလည်း
ခိုးယူခြင်းဖြစ်သည်။ မီတာမတက်ရန် မီတာပေါက်က်ု ပြုပြင်ထားခြင်း၊ ပေးသင့်သော အခွန်ကို
မပေးဘဲရှောင်လွှဲခြင်း၊ ဝန်ထမ်းများသည် လခရိက္ခာ အပြည့် ယူလျက် ရုံးတက်နောက်ကျလွန်းခြင်းနှင့်
ရုံးဆင်းစောလွန်းခြင်း (အချိန်ခိုးခြင်း)၊ ကျောင်းဆရာ/မများသည် ကျောင်းဝင်ကြေးအပြင်
အပိုငွေပေးမှ ကျောင်းသားလက်ခံခြင်းနှင့် ဘာ/ညာအတွက်၊ဘာ/ညာကြေးဆိုကာကောက်ခံပြီး ကိုယ်ရေးကိုယ်တာ
အတွက်သုံးပစ်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေဖျက်ဆီးခြင်းတို့သည်
ခိုးခြင်းတစ်မျိုးပင်ဖြစ်သည်။ ထိုခိုးခြင်းကို ကင်္ခါအဋ္ဌကထာ၌ ပသာယှာဟာရဟု အမည်တပ်ထားသည်။
မတရားသဖြင့်
(ရထား၊ကား)လက်မှတ်ဈေးတင် မှောင်ခိုရောင်းချခြင်း(မည်သည့်လက်မှတ်ကိုမဆို)၊ မိမိကဝယ်ယူသောအခါ
ပိုသော(တင်းတောင်း၊အလေးနှင့် ချိန်ခွင်)ဖြင့်ဝယ်ယူခြင်း၊ ရောင်းချသောအခါတွင် မပြည့်သော
(တင်းတောင်း၊အလေးချိန်ခွင်)ဖြင့် ရောင်းချခြင်း၊ တရားသူကြီးများ လာဘ်စားပြီး ငွေများတရား
နိုင်ပေးခြင်း၊ ဈေးသည်များ အကောင်းကို အညံ့နှင့်ရောပြီး ဈေးတင်ရောင်းခြင်းတို့သည်လည်း
ခိုးခြင်းပင် ဖြစ်သည်။
ခိုနည်းများကိုကား
တင်ပြ၍၊ ရေး၍ကုန်နိုင်ဖွယ်မရှိ။ ထို့ကြောင့် မသမာမှုမျိုးစုံမှ ရလာသောဥစ္စာ ငွေကြေးမှန်သမျှ
တို့သည် ခိုးယူခြင်းပင်ဖြစ်သည်။
No comments:
Post a Comment